2021.09.03
ဆောင်းဦးရာသီရဲ့အစားအစာ/秋の食べ物

ဆောင်းဦးရာသီရဲ့အစားအစာလို့ပြောရင်အမျိုးမျိုးသောအစားအစာတွေရှိပါတယ်။
ငါးတွေထဲမှာစန်းမလို့ခေါ်တဲ့ငါးလည်းအဲဒီထဲကတစ်ခုအပါအဝင်ပါ။
ဂျပန်ရောက်ပြီးစန်းမငါးကင်ကိုပထမဆုံးအကြိမ်စားတဲ့နေ့ကစပြီးြါးရဲ့အရသာကိုအရမ်းကြိုက်ပြီးဆောင်းဦးရောက်တဲ့အခါအမြဲစားဖြစ်ပါတယ်။
ဟင်းချက်ရတာလည်းဝါသနာပါတဲ့အတွက်
ကိုယ်တိုင်ချက်စားဖြစ်ပါတယ်။
စန်းမငါးကင်ကိုသံပုရာရည်လေးဆမ်းပြီးစားလို့ရင်အရမ်းစားကောင်းပါတယ်။
အခုချိန်ကကိုရိုနာရောဂါအဖြစ်များနေတဲ့အတွက်ကိုယ်ခန္ဓာအတွက်ကောင်းမွန်တဲ့အစားအစာတွေကိုစားသုံးပြီးကျန်းကျန်းမာမာနဲ့အလုပ်ကိုကြိုးစားကြပါစို့။
秋の食べ物ならいろんな食べ物があります。
魚のサンマはその中の一つです。
日本に来てサンマの塩焼きを初めて食べた日から
すごく好きになって秋になると、よく食べています。
料理するのも好きだからこそ、自分で作って食べます。
サンマの塩焼きにレモンをかけて食べると最高です。
今はコロナの時期だからこそ体のために良い食べ物、
栄養がある食べ物を食べながら、元気で仕事も頑張りましょう。
昭和大学附属烏山病院+看護助手