နိုင်ငံခြားသားလူနာ/外国人の患者さん

မနေ့ကဆေးရုံးမှာ သူနာပြုအကူအလုပ်လုပ်ရင်း ဆေးရုံကသူနာပြုဆရာမက ဘာသာပြန်ပေးဖို့ အကူအညီတောင်းလာတယ်။
တိုက်တိုက်ဆိုင်ဆိုင် မြန်မာလူမျိုးက ဆေးရုံတတ်တာနဲ့ ကြုံပြီး သူနာပြုဆရာမကို ကူညီပြီး ဘာသာပြန်ပေးခဲ့ပါတယ်။
ကိုယ့်မှာ ထူးထူးခြားခြားလုပ်နိုင်တာရှိရင် ဘာရယ်မဟုတ် စိတ်ကြည်နူးမိပါတယ်။
အခုလည်း ကုမ္ပဏီမှာ နိုင်ငံပေါင်း ၂၀ကျော်က ဝန်းထမ်းတွေ ဆေးရုံမှာ အလုပ်လုပ်နေပါတယ်။
ဒီနိုင်ငံမှာ အလုပ်လုပ်နေသောကြောင့် ဂျပန်စာက အရေးကြီးတဲ့အတွက် နေ့စဉ်လေ့လာနေပါတယ်။
အခုတလော နိုင်ငံခြားသားလူနာတွေလည်းများလာသလိုပါပဲ။
ဂျပန်စကားကောင်းကောင်းမရတဲ့အခါ စိတ်ပူပန်တာတွေလည်းများမယ်လို့ ထင်ပါတယ်။
အဲဒီအခါမှာ နိုင်ငံတူတဲ့လူ ရှိပြီး စကားပြောလို့အဆင်ပြေတာနဲ့ပဲ လူနာလည်း စိတ်ကျေနပ်မယ်လို့ထင်ပါတယ်။
ဘာသာပြန်ပေးရတာက နေ့စဉ်လုပ်နေတာ မဟုတ်ပေမဲ့ လူနာလည်းစိတ်ကျေနပ်မယ်၊သူနာပြုဆရာမကိုလည်းကူညီပေးရတဲ့အတွက် ပျော်တယ်။
ဘယ်လိုအလုပ်မဆို စိတ်စေတနာထားပြီး အလုပ်လုပ်ချင်ပါတယ်။
先日病院で看護助手としてお仕事をしている時に、病棟の看護師さんに通訳をしてほしいとお願いされました。
たまたまミャンマーの方が病棟に入院していたようで看護師さんのお手伝いとして通訳を行いました。
自分に出来ることが特別あると、何だか嬉しい気持ちになります。
今この会社の中では、20ヶ国以上の外国人スタッフが病院で勤務しています。
日本で働いているので、もちろん日本語がとても大切で、日々勉強をしています。
最近では外国人の患者さんも増えているような印象があります。
日本語が上手ではない患者さんは不安に思っていることも多いと思います。
そんな時、同じ国の人がいて話ができるだけでもとても患者さんは安心すると思います。
通訳をするというのは頻繁に起こることではないですが、
患者さんも安心するし、看護師さんの手助けもできることなので嬉しいです。
どんな仕事でも心を込めて行って行きたいと思います。
日本医科大学付属病院+看護助手